မြောင်းမြ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ အမှတ်(၈၁) ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအား ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်စည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြောင်းမြမြို့အဝင် ကွယ်လွယ် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့ရှိ အမှတ်(၈၁) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ်ဦးသန်းနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းကာ မြောင်းမြမြို့အတွင်းရှိ ခရီးသွား ပြည်သူများ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၊ ဆိုင်ကယ်စီးနင်းသူများအား ယာဉ်မောင်းနှင် စီးနင်းရာတွင် လိုက်နာရမည့် စည်းကမ်းများကို အသိပညာပေး ဟောပြောကာ ပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း maskများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)