ငွေလုံးငွေရင်း အသုံးစရိတ်ဆိုင်ရာ လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော် ရေးဆွဲ ဆောင်ရွက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဇေယျာသီရိ   ဇန်နဝါရီ   

၂ဝ၂၁ - ၂ဝ၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဆိုင်ရာ လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ရေးဆွဲဆောင်ရွက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ဇေယျာသီရိမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်တို့က အမှာစကားအသီးသီးပြောကြား ခဲ့ပြီးနောက် မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီမြင့်က လုပ်ငန်းစီမံကိန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက်  တက်ရောက် လာသော ဌာနဆိုင်ရာများမှ ၂ဝ၂၁ - ၂ဝ၂၂ ဘဏ္ဍာရေးနှစ် ဇေယျာသီရိမြို့နယ် အမျိုးသားစီမံကိန်း လျာထားချက် (လုပ်ငန်းစီမံကိန်း)တွင် ထည့်သွင်း တင်ပြနိုင်ရေးအတွက် ငွေလုံးငွေရင်း အသုံးစရိတ်ဆိုင်ရာ အကောင်အထည်ဖော် ရေးဆွဲဆောင်ရွက်သည့်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးလင်းထွန်း(ပြန်/ဆက်)‌