တန့်ယန်းမြို့နယ်တွင် မီးဘေးအသိ မီးဘေးသတိ ရှိစေရန်အတွက် အသိပညာပေးနှိုးဆော်

တန့်ယန်း  ဇန်နဝါရီ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ယခုပွင့်လင်းရာသီသို့ စတင်ဝင်ရောက်လာပြီဖြစ်ရာ မီးဘေးအန္တရာယ်ကင်းဝေးပြီး မီးဘေးအသိ မီးဘေးသတိရှိစေရန်အတွက် အသိပညာပေး ဆော်သြခြင်းကို ယမန်နေ့ ညပိုင်းက မြို့တွင်းသို့ လှည့်လည် ကြေညာပေးနေလျက်ရှိသည်။

ထိုသို့  မီးဘေးအန္တရာယ် ကင်းဝေးပြီး မီးဘေးအသိ မီးဘေးသတိရှိစေရန်အတွက် အသိပညာပေးခြင်းကို မြို့နယ် အရန်မီးသတ်တပ်ရင်းမှတပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကင်းဝေးစေရေး တေးသီချင်းများ ဖွင့်လှစ်ခြင်း၊ လျှပ်စစ်မီးနှင့် မီးဖိုမီးသုံးစွဲမှုများကို ပြည်သူများမှ စနစ်တကျ စည်းကမ်းရှိစွာ သုံးစွဲလိုက်နာ ဆောင်ရွက်ရေး အကြောင်းတို့ကို မြို့တွင်းလှည့်လည်ကာ အသံချဲ့စက် ဖြင့် အသိပညာပေး ကြေညာဆော်သြ လျက်ရှိကြောင်း သိရသည်။                 

 မင်းလွင်ဦး(ပြန်/ဆက်)