နောင်ချို ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မိခင်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင် မိခင်များနှင့်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)လမှ (၁၈)လထိ ကလေးငယ်များအား ထိုးနှံတိုက်ကျွေးပြီး မွေးစမှ အသက်(၂)လအကြာ ကလေးငယ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်စေခြင်းဖြင့် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးရာတွင် ကာကွယ်ဆေး(၉)မျိုးကို ထိုးနှံပေးပြီး ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) ဆေးထိုးနှံ ပေးခြင်းနှင့် ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေးကိုလည်း တိုက်ကျွေးပေးလျက်ရှိကြောင်း၊ လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆေးရုံအခြေပြု ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို-ပြန်/ဆက်)