အိမ်မဲမြို့နယ်တွင် "ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ" ထူထောင်ရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

အိမ်မဲ  ဇန်နဝါရီ  ၆

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် သရက်ကုန်းကျေးရွာနှင့် တကူဆိပ်ကျေးရွာများတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေ ထူထောင်ရန် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးလက်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများအကြောင်း ကျန်းမာရေးပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး ဗီနိုင်းပိုစတာများ ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး အခမ်းအနားသို့ သရက်ကုန်းကျေးရွာနှင့် တကူဆိပ်ကျေးရွာမှ ပြည်သူပြည်သားများ တက်ရောက်နားထောင် ခဲ့ကြကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)