ဘိုကလေးမြို့နယ် ပိုက်စလကျေးရွာအုပ်စုတွင် ဆက်သွယ်ရေးရွာလမ်း (ကွန်ကရစ်လမ်း) ပြိုကျမှုဖြစ်ပွား

ဘိုကလေး  ဇန်နဝါရီ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပိုက်စလကျေးရွာအုပ်စု၊ ဝက်ကော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းပိုင်မြေ ကွန်ကရစ်လမ်း၊ ဆက်သွယ်ရေးရွာလမ်းသည် ယန်နေ့က မြေပြိုကျမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ကွန်ကရစ်လမ်းသည် အလျား(၁၂၀)ပေ၊ အနံ(၇)ပေခွဲ၊ အမြင့်(၄) လက်မ တည်ရှိပြီး အလျား(၃၅)ပေ၊ အနံ(၃)ပေ ပြိုကျသွားခဲ့ကြောင်းနှင့် ဆက်လက်ပြိုကျမှုမရှိစေရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်၍  မြေထိန်းနံရံ ဆောင်ရွက်ထားကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)