ကွန်ဟိန်း ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ၊ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအတွင်းရှိ ထောက်ပံ့ရန် ကျန်ရှိသည့် ထိခိုက်လွယ်အုပ်စုတွင် ပါဝင်ပြီးအသက်(၈၀)နှစ်နှင့်အထက် (၈၅)နှစ်အောက် သက်ကြီးရွယ်အို ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ထောက်ပံ့ရန်ကျန်ရှိသည့် သက်ကြီးရွယ်အိုဘိုးဘွား(၆၁)ဦးအတွက် တစ်ဦးလျှင် ငွေ (၃၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့နိုင်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့သည်။
သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာ ရောက် သွားရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)