မိုင်းတုံ ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့က ကျေးရွာ(၃)ရွာရှိ ဒေသခံပြည်သူများအား အစာအာဟာရနှင့် အဝတ်အထည်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် (၉)မိုင်ကျေးရွာ၊ ရေထွက်ကျေးရွာနှင့် ဂေါ်တောကျေးရွာရှိ အိမ်ထောင်စု(၇၉)စုအား အိမ်ထောင်စုတစ်စုလျှင် ပေါင်မုန့်(၅)လုံး၊ ကြက်ဥ(၁၀)လုံး၊ အိုင်အိုဒင်းဆား တစ်ပိဿာ၊ စောင်သေး(၁)ထည် နှင့်လူကြီး၊ ကလေး အဝတ်အထည်(၅)စုံစီတို့ကို မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်နှင်းကလျာစောနှင့် အဖွဲ့ဝင်တို့က ဒေသခံပြည်သူများလက်ဝယ်အရောက် ပေးလှူဒါန်းပေးခဲ့ရာ ကျေးရွာသားများ ကိုယ်စား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစောထွေးကကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)