မအူပင်မြို့တွင် ရပ်ကွက်/ ကျေးရွာများရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံ ထုတ်ပေးခြင်းဆောင်ရွက်

မအူပင် ဇန်နဝါရီ  ၆

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊မအူပင်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ် ရေးနှင့် သဘာဝဘေးအန္တရာယ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်အတွက် မအူပင် ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအလိုက် အရန်မီးသတ် တပ်ဖွဲ့ဝင်များဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများထုတ်ပေးခြင်းနှင့် စနစ်တကျ ဝတ်ဆင်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ခရိုင်မီးသတ်စခန်းတွင် ဆောင်ရွက်ခဲ့သည်။

မအူပင်မြို့နယ်အတွင်းရပ်ကွက်/ ကျေးရွာများရှိဖွဲ့စည်းထားသည့် အရန် မီးသတ်တပ်ဖွဲ့ဝင် (​၁၀၀)ဦး အတွက်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးနှင့်သဘာဝ ဘေးအန္တရာယ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် တူညီဝတ်စုံများ ဝတ်ဆင်ဆောင်ရွက် နိုင်ရန် ထုတ်ပေးခဲ့ပြီး အဆိုပါထုတ်ပေးသည့် ဝတ်စုံများဝတ်ဆင် ဆောင်ရွက်မှုအား ခရိုင်မီးသတ် ဦးစီးမှူး ဦးကိုကိုဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေးနှင့်တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီး ဌာနမှသိရသည်။

အောင်မြင့်မြတ်(မအူပင်)