ကလောမြို့နယ် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကလော ဇန်နဝါရီ  

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင်ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့မွန်းလွဲ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ခရီးသွားလုပ်ငန်းသည် နိုင်ငံတော် စီးပွားရေး အောင်မြင်ရန် အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများ ထက်မြက် သွက်လက်စွာ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွား လုပ်ငန်းသည် ကလောမြို့နယ်အနေဖြင့် ပြည်တွင်း/ပြည်ပ မှှလာရောက်လည်ပတ်သည့် အဓိကစီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေး ကော်မတီ၊ ဆပ်ကော်မတီများပြန်လည် ဖွဲ့စည်းပြီး လက်ရှိခရီးသွားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး၊ ခရီးစဉ်လုပ်ငန်း အသစ်ရှာဖွေခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဟိုတယ်၊ မိုတယ်၊ စားသောက်ဆိုင်များနှင့် ရောင်းဝယ်သူများဝန်ဆောင်မှု ကောင်းမွန်ပြီး ခရီးသွားများအား လုံခြုံမှုရှိစေရန် ဝိုင်းဝန်းဖော်ဆောင်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။          

ထို့နောက်တက်ရောက် လာကြသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)