ဟားခါးမြို့၌ ကိုယ်ဝန်ဆောင် အမျိုးသမီး(၁)ဦးနှင့် အမျိုးသား(၁)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိ

ဟားခါး  ဇန်နဝါရီ 

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ခရီးသည်များအား Swab နမူနာစစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များကို မြို့ဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော် ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင် ထားရှိပြီး Swab နမူနာ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် Facility Quarantine ဝင်ရောက်နေသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး()ဦးနှင့် အမျိုးသား()ဦးတွင်  ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိသဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိသူ ကိုယ်ဝန်ဆောင် အမျိုးသမီး()ဦးမှာ ရန်ကုန်မှ ဝင်ရောက်လာကာ ဟားခါးမြို့(GTI) Facility Quarantine ဝင်ရောက်နေသူဖြစ်ကြောင်းနှင့် အမျိုးသား()ဦးမှာ  ရန်ကုန်မှ ဝင်ရောက်လာကာ ဟားခါးမြို့ မင်္ဂလာတည်းခိုခန်းFacility Quarantine ဝင်ရောက်နေသူ ဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ခရီးသွားများ အား Swab နမူနာ စစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျ ဝတ်ဆင်၍ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရောဂါပိုးတွေ့ရှိသူ()ဦး ထပ်မံတွေ့ရှိသဖြင့် ဟားခါးမြို့ တိုင်းရင်းဆေးရုံတွင် ရောဂါပိုးတွေ့ရှိ၍ ဆေးကုသခံယူ ကျန်ရှိသူပေါင်း()ဦး အထိရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

အောင်ခွီရှိန်းခရိုင်(ပြန်/ဆက်)