ကျောက်တလုံးကြီးမြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ကျောက်တလုံးကြီး  ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) ကျောက်တလုံးကြီးမြို့ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျောက်တလုံး ကြီးမြို့ပေါ်() ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ယနေ့နံနက် ၉နာရီခန့်က ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းကို ပထမနိမ္မိတသပိတ်မြတ်စေတီ၊ အောင်ဇဗ္ဗူ လောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးများ လာရောက်ထိုးနှံသော ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကျန်းမာရေး အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီ ကျောက်တလုံးကြီးမြို့ ကျန်းမာရေးဌာနခွဲမှ ဆရာ မဒေါ်နန်းစမ်းချိုက နှာခေါင်းစည်း(Mask) တပ်ဆင်ပေးခြင်း၊လက်သန့်စင်ဆေး ရည်ဖြင့်လက်သန့်စင်စေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းဆောင်ရွက်ပေးပြီး    လူစုလူဝေးမဖြစ်စေရန်  ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အလှည့်ကျသွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ဝန်ဆောင်အပတ် စစ်ဆေးခြင်း၊ ဦးတိုက်သောအပိုင်း စစ်ဆေးခြင်း၊ ကလေးနှလုံးခုန်သံစစ်ဆေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာ ခြင်းဆောင်ရွက်ပေးပြီး လစဉ်ပုံမှန်ကာကွယ်ဆေးဖြစ်သော မေးခိုင်ရောဂါ ကွယ်ဆေးများကို ကျန်းမာရေး လမ်းညွန်ချက်နှင့်အညီ စနစ်တကျထိုးနှံပေးပြီး ကိုယ်ဝန်ဆောင် အားတိုးဆေးနှင့် သွေးအားတိုးဆေးများ ပေးကာကိုယ်ဝန်ဆောင်ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြဝင်း(ပြန်/ဆက်)