မိုင်းလုံမြို့တွင် Quarantine ထားရှိသူများ၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာများ ရယူ

မိုင်းလုံ ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  Quarantine ထားရှိသူ(၉)ဦး၏ နှာခေါင်းနှင့် အာခေါင် တို့ဖတ်များ ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရန် ယနေ့နံနက် (၉) နာရီ ၃၀ မိနစ် အချိန်ခန့်က နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများကို မိုင်းလုံမြို့ နမ့်ပိန်ရပ်ကွက် သီးသန့် Quarantine ထားရှိရာနေရာတွင်ရယူခဲ့ကြောင်း သိရသည်။

နှာခေါင်းနှင့် အာခေါင်တို့ဖတ် ရယူရာတွင် တိုက်နယ်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းမြဟန်နှင့် ဒေါ်သိန်းထိုက်ထိုက်စံတို့က Quarantine ထားရှိသည့် ရောဂါဖြစ်ပွားရာဒေသ မိုးကုတ်မြို့နယ်မှ မိုင်းလုံမြို့တို့ ဆောက်လုပ်ရေးလုပ်ငန်း လာရောက်လုပ်ကိုင်သူ ကျား(၉)ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ် နမူနာများ ရယူခဲ့ကြောင်း သိရသည်။

Quarantine ထားရှိသူ (၉)ဦး၏ လက်ရှိ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ပြီး မိုင်းလုံမြို့ တိုက်နယ် ကျန်းမာရေးဌာနမှ Facility Quarantine ဝင်သူများ၏ အာခေါင်တို့ဖတ် များကို (၁၇)ကြိမ် ရယူထားပြီး ယခုအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ မရှိကြောင်း မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။

ဇော်ဇော်(ပြန်/ဆက်)