ဟိုပုံး ဇန်နဝါရီ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုး ပြည်ထောင်စုရန်ပုံငွေ ကျပ်(၁၉၃.၅၈၃)သန်းဖြင့် ပင်လောင်း မြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စု၊ နောင်ဝိုး-ကရား-တရွတ်မှူး-ညောင်မှူး-လွယ်ဂွန်းလမ်း (၄/၃)မိုင် အနက်(၁/၀)မိုင်ကျောက်ခင်းပြီး ကျန်(၃/၃)မိုင်မှ (၁/၄)မိုင်အား ကျောက်ခင်းလုပ်ငန်းများ စတင် ဆောင်ရွက်လျက်ရှိရာ ဟိုပုံးမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများသည် လုပ်ငန်းအချိန် မီပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် ဒီဇင်ဘာ (၂၆)ရက်နေ့တွင် ကွင်းဆင်းစစ် ဆေးခဲ့ရာ ကျောက်ခင်းခြင်းလုပ်ငန်း(၁/၄)မိုင်အနက်(၁/၀)မိုင် ပြီးစီးပြီဖြစ်သည်။
အဆိုပါကျောက်လမ်း(၄/၃)မိုင်အား ကျောက်ခင်းခြင်းလုပ်ငန်းပြီးစီးပါက ပင်လောင်းမြို့ နယ်တစ်ခုလုံးနှင့် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ တောင်ကြီးမြို့နယ်နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့များသို့ သွားလာရန် ယခင်ကထက် ပိုမိုလွယ်ကူမှုရှိပြီး ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်လာကြောင်း ကျေးရွာအုပ်စု(၁)အုပ်စု၊ ကျေးရွာ(၆)ရွာ၊ အိမ်ခြေ(၇၂၀)အိမ်၊ အိမ်ထောင်စု(၇၂၂)စု၊ လူဦးရေ(၃၆၁၀)ဦးခန့်၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍများ ယခင်ကထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ယင်းဒေသရှိ တောင်ယာစိုက်ပျိုးသည့် တောင်သူများအနေဖြင့်လည်း မိမိဒေသထွက်ကုန်များအား ဈေးကွက်သို့ အချိန်တိုအတွင်းအလွယ် တကူတင်ပို့ရောင်းချနိုင်ပြီး ဝင်ငွေမြင့်မားလာကာ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ် သည့်အပြင် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုသည်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် လာခြင်းကြောင့် အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်းသိရသည်။
နေမင်းထွန်း(ဟိုပုံး)