မြောင်းမြ ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များနှင့် သီလရှင်ကျောင်းများရှိ သံဃာတော်များ၊ သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲမှုများ မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ကော်မတီနှင့် မြို့မိမြို့ဖ အလှူရှင်များမှ စုပေါင်း လှူဒါန်းသော ဆွမ်းဆန်တော်၊ ဆီနှင့် ဆားများ ဒုတိယအကြိမ် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အလယ်တောရ ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အလယ်တောရ ကျာင်းတိုက်ဆရာတော် အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသီဟ(နိုင်ငံ တော်ဗဟို သံဃာ့ဝန်ဆောင်)ထံမှ ငါးပါးသီလခံယူ၍ အခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး (မြောင်းမြမဲဆန္ဒနယ်မြေ(၂))၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးသောင်းတင်ထွေး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ မြို့မိမြို့ဖအလှူရှင်များက မြောင်းမြမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်း(၃၉၂) ကျောင်း၊ သီလရှင်ကျောင်း(၆)ကျောင်းတို့ရှိ သံဃာတော်(၉၁၀)ပါး၊ သီလရှင်(၂၀၇)ပါး၊ စုစုပေါင်း (၁၁၁၇)ပါး တို့အား ဆန်(၃၅၀)အိတ်၊ စားသုံးဆီ(၅၅၂)ပိဿာ၊ ဆား(၃၅၆)ပိဿာ၊ စုစုပေါင်း တန်းဖိုးငွေကျပ် (၁၁၈၉၉၄၀၀)ကို ဆက်ကပ်လှူဒါန်းခြင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)