မော်လမြိုင်ကျွန်း ဇန်နဝါရီ ၆
မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နေ့လည် ၁၂ နာရီ အချိန်က မြို့နယ်ကုတင် (၁ဝဝ) ဆေးရုံကြီးမှ အတည်ပြုပိုးတွေ့လူနာ (၅) ဦးနှင့် တိုင်းရင်းဆေးရုံမှ အတည်ပြု ပိုးတွေ့လူနာ (၁၅) ဦး စုစုပေါင်း (၂၀) ဦးတို့သည် ဆေးကုသမှုခံယူပြီး (၁၁) ရက်ပြည့် မြောက်သဖြင့် ကျန်းမာရေကောင်းမွန်စွာ ဆေးရုံ ဆင်းခွင့်ရရှိပါသည်။
မြို့နယ်တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အတည်ပြုလူနာ (၄၉၃) ဦး၊ ကျန်းမာရေးကောင်းမွန်စွာ ဆေးရုံဆင်းသူ စုစုပေါင်း (၄၇ဝ) ဦးရှိပြီဖြစ်ပြီး ကုတင် (၁ဝဝ) ဆေးရုံကြီးနှင့် တိုင်းရင်ဆေးရုံတို့တွင် ဆေးကုသမှုခံယူဆဲ (၁၇) ဦးသာ ကျန်ရှိသည်။ ရောဂါ အခံရှိသူ (၄) ဦးသေဆုံးခဲ့သည်။
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးဆက်မှု မပြန့်ပွားစေရန်အတွက် ရောဂါအတည်ပြုလူနာများရှိသည့် ရပ်ကွက်နှင့် ကျေးရွာများကို လိုအပ်ပါက Stay at Home သတ်မှတ် နိုင်ရန် သက်ဆိုင်ရာ အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းရပ်ကွက်၊ ကျေးရွာများ တွင်လည်း ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ အပြင်မထွက်ရန်၊ ပြည်သူများအနေနှင့် မလိုအပ်ပဲအပြင်မထွက်ရန်၊ အပြင်ထွက်က mask တပ်ရန် လူစုလူဝေးရှောင်ရှားရန်တို့အား နေ့စဉ်လှည့်လည်ကြေညာခြင်း၊ မြို့နယ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ အဖွဲ့ (၆) ဖွဲ့ခွဲ၍ နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီများ၊ မြို့မိ၊ မြို့ဖများ၊ အခြား လူမှုရေး အသင်းအဖွဲ့များမှလည်း အရေးပေါ်ကိစ္စရပ်များရှိပါက zoom application ဖြင့် online အစည်းအဝေး ချက်ချင်းပြု လုပ်ဆောင်ရွက်ခြင်း၊ အပတ်စဉ် အစည်းအဝေးများ ဆောင်ရွက်ခြင်းဖြင့် မြို့နယ်တွင် ရောဂါပိုးကူးစက်ပျံ့နှံ့မှု လျှော့ချစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
သီတာအောင်(ပြန်/ဆက်)