မြစ်သား ဇန်နဝါရီ − ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတို်ငးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀−၂၀၂၁ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစ်သားမြို့နယ်၊ သပြေတောင်းအုပ်စု၊ ကန်ကွေ့ ကျေးရွာနှင့် နွားကူးလေးအုပ်စု၊ နွားကူးလေး(နောက်)ကျေးရွာတို့တွင် စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်က အဆိုပါကျေးရွာများရှိ ရွာဦးဘုန်းကြီး ကျောင်းဝန်းများ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်နှင့် ဝန်ထမ်း များတက်ရောက်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာ စိတ်ဓာတ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဥပဒေပါ ကျေးလက်နေပြည်သူများ၏ ရပိုင်ခွင့်များ၊ ကျေးလက်နေပြည်သူများ၏ တာဝန်များအားချပြရှင်းလင်းခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ခြင်းနှင့် ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်များ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာသူကျေးရွာသားများမှ အများသဘောဆန္ဒနှင့်အညီ ကော်မတီကို ကန်ကွေ့ကျေးရွာတွင် (၁၇)ဦး၊ နွားကူးလေး(နောက်)ကျေးရွာတွင် (၁၁)ဦးဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း သိရှိရသည်။