မောက်မယ်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေး

မောက်မယ် ဇန်နဝါရီ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စု ရန်ပုံငွေ ကျပ် (၃၇၃.)သန်းဖြင့်  နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မောက်မယ်မြို့နယ်မှ ကဒူးကြီးကျေးရွာအုပ်စု သို့ ဆက်သွယ်ထားသည့် မောက်မယ်နမ့်လွတ် ကဒူးလေးဒုံပုံးနားဟီး ကျေးရွာချင်းဆက် ကျောက် ချောလမ်း (၃၄/ )မိုင်အနက် အချို့နေရာများမှာ သဘာဝဘေး ရာသီဥတုဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ခဲ့သောလမ်းပိုင်း(/)မိုင်အား ကျောက်ချောလမ်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါကျောက်ချောလမ်း ဖောက်လုပ်ပြီးစီးပါက မောက်မယ်မြို့နယ်မှ အလှမ်းဝေးသော ကယားပြည်နယ်အစပ်ရှိ ကဒူးကြီးကျေးရွာအုပ်စုအတွင်း ကျေးရွာ (၂၃)ရွာ အိမ်ခြေပေါင်း (၈၅၀) အိမ်နှင့် လူဦးရေ (၄၃၉၃)ဦးတို့၏ ယခင်သွားလာရန် ခက်ခဲသောအခြေအနေမှ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ပြီး ဒေသတွင်း ပညာရေး ကျန်းမာရေး စီးပွားရေး ကဏ္ဍများ ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်းသိရသည်။

 စိုင်းမျိုးသန့်(မောက်မယ်)