ကျေးသီးမြို့တွင် ၂၀၂၀−၂၀၂၁ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျေးသီး ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀၂၀၂၁ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေက အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးညွန့်ဆောင်က သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဆရာ   ဦးနိုင်လင်းဇော် က   စိုက်ပျိုးရေးဆိုင်ရာ စက်ပစ္စည်းသုံးစွဲစနစ်၊  သိပ္ပံနည်းကျစိုက်စနစ်၊  စပါးမျိုးသန့်နည်းပညာစသည့်  ဘာသာရပ်ဆိုင်ရာများ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေးသင်တန်းကို ကျေးလက်နေပြည်သူများ အသက်မွေးဝမ်း ကျောင်း လုပ်ငန်းဖြင့် မိသားစုဝင်ငွေတိုးတက်ကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား (၂၀)ဦးဖြင့် ရက်သတ္တပတ် နှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း     မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သဲစုပိုင်(ပြန်/ဆက်)