နမ့်စန်တွင် စက်မှုလက်မှုလုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုနှင့် အကျိုးအမြတ်ခန့်မှန်း တွက်ချက်နိုင်ရေး ကွင်းဆင်းစစ်တမ်းကောက်ယူ

နမ့်စန်() ဇန်နဝါရီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အတွင်းရှိ စက်မှုလက်မှုလုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုနှင့် အကျိုးအမြတ်အခြေအနေများကို အနီးစပ်ဆုံးခန့်မှန်း တွက်ချက်နိုင်ရေးအတွက် စစ်တမ်းကောက်ယူခြင်းကို မြို့နယ်စီမံကိန်း ဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံကိန်းဦးစီးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတေဇာလင်းနှင့် ဝန်ထမ်းများက အမှတ်() ရပ်ကွက်ရှိ အောင်သစ္စာ သောက်ရေသန့် လုပ်ငန်းနှင့် အမှတ်()ရပ်ကွက်ရှိ ဦးစိုင်းကျော်ဦး ဆန်စက်နှင့် ဆီကြိတ်စက်လုပ်ငန်းများသို့ သွားရောက်၍ စက်မှုလက်မှုကဏ္ဍ စစ်တမ်း ပုံစံများဖြင့် ကွင်းဆင်းကောက်ယူခဲ့ပြီး အဆိုပါစစ်တမ်းကောက်ယူနေမှုကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးလှထွေးနှင့် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးတို့က ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)