ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ကျေးရွာများ နွေရာသီကာလ ရေရှားပါးပြတ်လပ်မှုမရှိစေရေး စီစဉ်ဆောင်ရွက်

ကန်ကြီးထောင့် ဇန်နဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေရာသီကာလ ရေရှားပါး ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ် အကြောင်းကြား အကူအညီတောင်းခံနိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်ထံမှ သိရသည်။

"ကျေးရွာတွေမှာ နွေရာသီကာလ ရေရှားပါးပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ရင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တွေကို ကျေးရွာများမှ တာဝန်ရှိသူများထံ ဖြန့်ဝေပေးထားပါတယ်။ ကျေးလက် နေပြည်သူတွေ သန့်ရှင်းသော သောက်သုံးရေ ရရှိသုံးစွဲနိုင်ရေးအတွက် ရေရရှိရေး လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာလည်း ခွင့်ပြုရန်ပုံငွေကျပ် ၈၂ ဒသမ ၇၈ သန်းဖြင့် ကျေးရွာ()ရွာမှ ပြည်သူ(၃၆၀၀)ကျော်ကို အကျိုးပြုစေမည့် သောက်သုံးရေရရှိရေး လုပ်ငန်းများဖြစ်သည့် တွင်းနက်()တွင်းနှင့် မြေသား ရေကန်()ကန် တူးဖော်ခြင်း လုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း" မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ကျေးရွာများ နွေရာသီကာလ ရေရှားပါးပြတ်လပ်မှုများနှင့် ကြုံတွေ့ လာပါက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရုံးဖုန်း ၀၄၂-၄၅၁၈၅၀၄၂-၄၅၂၂၅ သို့လည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်၊ ဖုန်း ၀၉-၄၄၂၄၈၁၃၃၆၀၉-၇၈၄၃၆၃၂၆၁ သို့လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးဟန်ပိုင် ဖုန်း ၀၉-၉၅၃၆၉၉၅၅၇ သို့ လည်းကောင်း ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)