အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပ

လပွတ္တာ ဇန်နဝါရီ ၆

လပွတ္တာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအနေဖြင့် ကျေးလက် နေပြည်သူလူထု၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန်နှင့် အသက်မွေး၀မ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်လျက် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံ အပ်ချုပ်စက် သင်တန်းဆင်းပွဲအခမ်းအနားကို လပွတ္တလုတ်မြောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ  ၁ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကို၊ လွှတ်တော်ကိုယ်စားလှယ် ရုံးတာ၀န်ခံ ဦးစန်းရွှေနှင့် မြို့နယ်စီမံကိန်းဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က သင်တန်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။

အဆိုပါအခမ်းအနားကို ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကို၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်ရုံး တာ၀န်ခံ၊ ကျေးရွာရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ခဲ့သည်။ သင်တန်းကာလမှာ ၇-၁၂-၂၀၂၀ မှ ၅-၁-၂၀၂၁ ထိ ရက်(၃၀) ကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ (၂၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

သင်တန်းကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်း ကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

၀င်းကျော်မြင့်(လပွတ္တာ ခရိုင်ပြန်/ဆက်)