မန္တလေး ဇန်နဝါရီ ၇
ကိုဗစ်-၁၉ ကာလအတွင်း တိုင်းရင်းဆေးဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆားနှင့်ဆေးများ ကာလဒါနပြုလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ၂နာရီက အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ ၁၉လမ်းနှင့်လမ်း၂၀ကြား၊ ၈၂လမ်းနှင့် ၈၃လမ်းကြားရှိ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးဌာနမှူးရုံးတွင် ပြုလုပ်သည်။
ကာလဒါနပြု လှူဒါန်းခြင်းကို အလှူရှင်ဦးထိန်ဝင်းနှင့်ဒေါ်ခင်မာထွေး (နန်းတွင်းသမားတော်ကြီး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မိသားစုမှမန္တလေးခရိုင်အတွင်းရှိ တိုင်းရင်းဆေးဝန်ထမ်း(၇၅)ဦးတို့အတွက် တစ်ဦးလျင် ဆန်(၄)ပြည်၊ ဆီတစ်ပိဿာ၊ဆား(၅၀)ကျပ် သားနှင့် ဆေးမျိုးစုံ စုစုပေါင်းငွေကျပ်သိန်း(၂၀) ကျော်တန်ဖိုးအား ပေးအပ်လှူဒါန်းရာတိုင်းဒေသကြီးဦးစီးဌာနမှူးရုံးမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးစန်းလွင်နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းမှ တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးတင်ဝင်းနိုင်တို့က လက်ခံရယူပြီး တိုင်းဒေသကြီးဦးစီးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)