မိုးကုတ်မြို့တွင် ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

မိုးကုတ် ဇန်နဝါရီ

မိုးကုတ်မြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ာနချုပ်တိုင်းမှူးဒု-တိုင်းမှူးဗိုလ်မှူးကြီးဝင်းမြတ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ယမန်နေ့ နံနက် ၉နာရီအချိန်မှ စ၍ မုံကွင်း(မင်္ဂလာကန်ဘောင်)တွင် ပြည်သူအကျိုးပြုလုပ်ငန်း တစ်ရပ်အနေဖြင့် သန့်ရှင်း လှပသာယာ ရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိ ရသည်။

မိုးကုတ်မြို့ မုံကွင်း (မင်္ဂလာကန်ဘောင်)ရှိ အင်းရေပြင်အတွင်းမှ နုံးနှစ်များ၊ ဒိုက်များ၊ အမှိုက်ရိုက်များကို ဆယ်ယူ သန့်ရှင်းခဲ့ကြသည်။

အဆိုပါ ပြည်သူအကျိုးပြုလုပ်ငန်းများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ ကြီးကြပ်ကွပ်ကဲအောက်ရှိ အရာရှိစစ်သည်များ ၊ စစ်မှုထမ်းဟောင်းများ ၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးခင်ဇော်မြင့်ဦး စီးသည့် ရဲတပ်ဖွဲ့ ဝင်များ၊ အမှတ်(၁၄)ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လူမှု ကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်)နှင့်အလင်းအိမ်လူငယ်က်စုံထူထောင်ရေးနှင့် ပြုစုထူထောင်ရေးအဖွဲ့တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး အင်အား(၁၅၀) ဦးကျော် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

 ဖြိုးမမ (မိုးကုတ်)