မိုင်းပျဉ်း ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းပျဉ်းမြို့နယ်တွင် နိုင်ငံတော်ဓာတ်အားစနစ် ရောက်ရှိသော်လည်း မီးလင်းရေးလိုအပ်လျက်ရှိ သော ကျေးရွာများ၌ ဆိုလာမီးလင်းရေးလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
နိုင်ငံတော်ဓါတ်အားစနစ်သည် ၂၀၂၀ခုနှစ် ဇူလိုင်လ တွင် မိုင်းပျဉ်းမြို့နယ်သို့ ရောက်ရှိခဲ့ပြီးမြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာ(၂၃) ရွာတို့တွင်သာ လျှပ်စစ်မီးရောက်ရှိနေလျှက်ရှိရာ မီးလင်းရေး လိုအပ်လျက်ရှိသော ပန်ဝိုင်ကျေးရွာအုပ်စု၊ မိုင်းပုအွန်ကျေးရွာ အုပ်စု၊ မိုင်းမန်း ကျေးရွာ အုပ်စုနှင့် တာကော်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၇) ရွာတို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း တစ်အိမ်သုံးဆိုလာ (၁၉၅)စုံ၊ စာသင်ကျောင်း(၁)ကျောင်း၊ဘာသာရေးအဆောက်အအုံ(၄)ခုနှင့် လမ်းမီး တိုင်(၂၈) တိုင်တို့ကို တပ်ဆင်၍ အိမ်ထောင်စု (၁၉၅)စုအား ဆိုလာစနစ်ဖြင့် မီးလင်းရေး ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
အဆိုပါဆိုလာမီးလင်းရေးလုပ်ငန်းများဆောင်ရွက်သည့် ကျေးရွာများအနက် မိုင်းပုအွန်ကျေးရွာ အုပ်စု၊ ဝမ်ကတ်ကျေးရွာ၊ မိုင်းမန်းကျေးရွာ အုပ်စု၊ နောင်ခိုက်ကျေးရွာနှင့် တာကော်ကျေးရွာအုပ်စု ၊ဝမ်ဆော့ ကျေးရွာများတွင် ဆောင်ရွက်ပြီးစီးနေသော တစ်အိမ်သုံး ဆိုလာစနစ်(၁၁၉)စုံ၊ လမ်းမီးတိုင်(၁၅)တိုင်နှင့် ဘာသာရေး အဆောက်အုံ(၁)ခုတို့၌ ဆိုလာမီးတပ်ဆင်ဆောင်ရွက်ထားမှု အခြေအနေများ ကို ဇန်နဝါရီ ၆ရက်နေ့ နံနက်ပိုင်းက မြို့နယ်စာရင်းစစ်ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးဌေးနှင့် တာဝန်ခံ အင်ဂျင်နီယာ တို့ကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
မေမွန်ထွဋ်၊ပြန်ဆက်