မိုးကုတ်မြို့တွင်(၆/၂၀၂၀)ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲ ကျင်းပ

မိုးကုတ် ဇန်နဝါရီ 

မိုးကုတ်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှဖွင့်လှစ်ည့်(၆/၂၀၂၀)ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီ အချိန် က ရွှံပန်း အမကကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစောသောင်းတင်က အဖွင့်အမှာစကားတွင် "ရှေးဦး ပြုစုခြင်းသည် မွန်မြတ်သည့် လုပ်ငန်းတစ်ပ်ဖြစ်ကြောင်မိုးကုတ်မြို့အတွက်ရဟိတလုပ်န်းများ ဆောင်ရွက်ရာတွင် အထူးသင့်လျော်ကြောင်း မိမိတို့၏ နေအိမ်ပတ်ဝန်းကျင်မှစပြီး ရပ်ကွက်နှင့် မြို့နယ်များအထိ ထိထိရောက်ရောက် ပြုစုဆောင်ရွက်ပေးခြင်းဖြင့် အများအကျိုးကို ဆောင်ရွက်နိုင်ည်ဖြစ်ကြောင်း" ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမိုးဦးက အမှာစကား ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် ထူးချွန်ဆုများ ရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြပြီး သင်တန်းား၊သင်တန်းသူများကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းသို့သင်တန်းသား၊ သင်တန်းသူ (၃၁)ဦး တက်ရောက်ခဲ့ကြပြီး (၇)ရက်ကြာ ပို့ချပေးခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖြိုးမမ(မိုးကုတ်)