ဒေးဒရဲမြို့နယ်တွင် မြစိမ်းရောင် ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီ အသစ်ပြန်လည်ဖွဲ့စည်း

ဒေးဒရဲ  ဇန်နဝါရီ 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လှည့်ပတ် ရန်ပုံငွေများ ပြန်လည် ထုတ်ချေးနိုင်ရေး ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီ အသစ်ပြန်လည် ဖွဲ့စည်းခြင်း အခမ်းအနားကို မှော်ဘီစုကျေးရွာအုပ်စု ရွာတန်းရှည်ကျေးရွာ  ကျေးရွာဘုန်းကြီးကျောင်းရှိ ဓမ္မာရုံတွင် ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက မြစိမ်းရောင် အရင်းမပျောက်လှည့်ပတ် ရန်ပုံငွေများ ပြန်လည်ထုတ်ချေးနိုင်ရေး ကော်မတီဝင်များ အသစ်ပြန်လည် ဖွဲ့စည်းရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းက ကော်မတီဝင်များအနေဖြင့်  သတ်မှတ်ရက်အတွင်း မှန်မှန် ပေးဆပ်နိုင်ရေး တိုက်တွန်း ဆောင်ရွက်ပေးကြရန်နှင့် စီမံကိန်းကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို  ပြန်လည် မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး မြစိမ်းရောင်စီမံကိန်းရံပုံငွေ ကြီးကြပ်မှုကော်မတီအား အဖွဲ့ဝင်()ဦးဖြင့် အသစ်ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အခမ်းအနားကို ()ကြိမ်ခွဲ၍ ကျင်းပခဲ့ပြီး ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)