အင်တော ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် တိုက်နယ်ကျန်းမာရေးဌာန အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်အေးအေးသန်းနှင့် ဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်စေခြင်းဖြင့် ကိုယ်ဝန် ဆောင်မိခင်များနှင့် အသက်(၂)လမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအား ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗီ) ဆေး ထိုးနှံ ပေးခြင်းနှင့် ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေးကိုလည်း တိုက်ကျွေး ပေးလျက် ရှိ ကြောင်း၊ လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရ သည်။
အောင်ခိုင်(အင်တော)