ငွေဆောင်အ.ထ.က (Quarantine Centre)သို့ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်ဘူးများ လာရောက်လှူဒါန်း

ငွေဆောင်  ဇန်နဝါရီ  ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အ-ထ-က ငွေဆောင် ကျောင်း (Quarantine Centre) ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့ နံနက် ၈ နာရီချိန်က နှာ​ခေါင်းစည်းနှင့် လက်သန့်ဆေးရည်ဘူးများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ငွေဆောင်လူငယ်ကွန်ယက်ဥက္ကဋ္ဌ ဦးလွှမ်းမိုးနှင့်အဖွဲ့ဝင်များမှနှာခေါင်းစည်း(Mask) ၂၅ ဘူး၊ လက်သန့် ဆေးရည်ဘူးအသေး ၃၅၀ တို့ကို လာ​ရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြောင်း သိရသည်။

ငွေဆောင်မြို့တွင် အ.ထ.က ငွေဆောင်ကျောင်းအား အသွားအလာကန့်သတ် စောင့်ကြည့်နေရာအဖြစ် ဖွင့်လှစ်ဆောင်ရွက် ထားလျက်ရှိရာ စေတနာရှင်အလှူရှင်များ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ၊ ရေသန့်ဘူးများ၊ စားသောက် ဖွယ်ရာများကို လှူဒါန်းနိုင်ကြောင်း သိရသည်။

မူမူသွင်(ပြန်/ဆက်)