မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသအကျိုးပြု လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှု

မယ်စဲ့ ဇန်နဝါရီ ၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၄၈.၉၆ သန်းဖြင့် ပန်တိန်းကျေးရွာ လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ယနေ့ နံနက်က မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ကွင်းဆင်းကြည့်ရှုခဲ့ ကြောင်း သိရသည်။

ပန်တိန်းကျေးရွာ လယ်ယာကုန်ထုတ်လမ်း အရှည်(၂/၄)မိုင်၊ အကျယ် ၁၈ ပေ၊ ထု ၁ လက်မ ဖောက်လုပ်ခြင်း လုပ်ငန်း၊ ယင်းလမ်းပေါ်တွင် ကျောက်ရောမြေ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ခင်းခြင်းလုပ်ငန်းနှင့် ကွန်ကရစ် တံတားတစ်စင်း၊ Box Culvert ၃ စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို မြတ်သာဟိန်းကုမ္ပဏီ က ဒီဇင်ဘာ ၁၇ ရက်နေ့မှစ၍ လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ဦးစီးမှူးနှင့်အဖွဲ့က လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်းပြည့်မီရေး ကွင်းဆင်းကြီးကြပ်ကြည့်ရှု စစ်ဆေးခဲ့ပြီး အဆိုပါ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ပန်တိန်းကျေးရွာပြည်သူများ၏ လယ်ယာ ထုတ်ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ သယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)