တိုက်နယ်ကျန်းမာရေးဌာနတွင် မွေးကင်းစ  အသက်၂ လမှ ၁ နှစ်ခွဲအောက် ကလေးငယ်များအား လစဉ် ပုံမှန် ကာကွယ်ဆေးထိုးခြင်း တိုက်ကျွေးခြင်းများ ဆောင်ရွက်

 

တာလေ        ဇန်နဝါရီ       

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်ခရိုင် တာလေမြို့တိုက်နယ်ကျန်းမာရေးဌာနတွင် မွေးကင်းစ အသက် ၂ လမှ ၁ နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးခြင်း တိုက်ကျွေး ခြင်းများကို ယနေ့ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

လစဉ် ပုံမှန်ကာကွယ်ဆေး ထိုးခြင်း တိုက်ကျွေးခြင်း အစီအစဉ်တွင် တာလေမြို့ပေါ် ရပ်ကွက် အတွင်းရှိ အသက် ၂ လမှ ၁ နှစ်ခွဲအောက် ကလေးငယ်များအား bcg ကာကွယ်ဆေး၊rota ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ၊ penta ပြင်းထန်အဆုတ်ရောင် ၊ pcv ဆုံဆို့ - ကြက်ညှာ - မေးခိုင် - အသည်း ရောင်အသားဝါ(ဘီ)  - ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) ၊ ဂျပန်ဦးနှောက်ရောင် နှင့် ဝက်သက်- ဂျိုက်သိုး ကာကွယ်ဆေး ၊ ပိုလီယိုကာကွယ်ဆေး နှင့်  opv ပိုလီယို အစက်ချ ကာကွယ် ဆေး ထိုးနှံ တိုက်ကျွေး ခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးခြင်း တိုက်ကျွေးခြင်းအပြင် ကာကွယ်ဆေးထိုးခြင်း တိုက်ကျွေးခြင်းနှင့် အသိပညာပေးခြင်း ကိုဆောင်ရွက်ပြီး တာလေတိုက်နယ် ကျန်းမာရေးဌာနမှ အမျိုး သမီးကျန်းမာရေးဆရာမ ဒေါ်နန်းစိန်ဦး နှင့် ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား လစဉ် ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးခြင်း   ဖြစ်ကြောင်းလည်း သိရှိရသည်။

အောင်ကျော်မိုး ( ပြန်/ဆက်)