နောင်ချိုမြို့နယ်၊ သဖန်းကိုင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌  (အခမဲ့) ကွန်ပျူတာ သင်တန်း ဖွင့်လှစ်ရန်အတွက် သင်တန်းသား၊သင်တန်းသူများ စတင်လက်ခံ

 

နောင်ချို ဇန်နဝါရီ  ၇  

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ သဖန်းကိုင်းကျေးရွာ၊ သဖန်းကိုင်းပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ (အခမဲ့)ကွန်ပျူတာ သင်တန်းဖွင့်လှစ်ရန်အတွက် သင်တန်း သား၊ သင်တန်း သူများအား စတင်လက်ခံနေပြီဖြစ်ကြောင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က သဖန်းကိုင်း ပရဟိတအဖွဲ့မှ သိရသည်။

အဆိုပါသင်တန်းကို နောင်ချိုမြို့နယ်၊ သဖန်းကိုင်းပရဟိတဆရာတော်၏ ဦးဆောင်စီစဉ် ညွှန်ကြားမှုဖြင့် သင်တန်းသား/သင်တန်းသူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့် အညီ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ကွန်ပျူတာသင်ယူရန်အတွက် အမြင်နီး သော်လည်း ငွေကြေး ကြောင့်အလှမ်းဝေးနေသူများ၊ သင်ယူရန် သွားလာနေထိုင်စားသောက်ရေး အတွက် အခက် အခဲဖြစ် နေသူများ၊ သင်တန်းတက်ရောက်လိုသော သင်တန်းသား/သင်တန်းသူများ၊ လူမျိုး ဘာသာမရွေး တက်ရောက် နိုင်ကြောင်း၊ သဖန်းကိုင်းပရဟိတ နွေရာသီ(အခမဲ့) ကွန်ပျူတာ သင်တန်းမှ လက်ကမ်း ကြိုဆိုလျက်ရှိပါကြောင်း၊ သင်တန်းတက်ရောက်လိုသူများအား သဖန်းကိုင်း ပရဟိတအဖွဲ့ရုံးခန်းသို့ လာရောက် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ယခုဖွင့်လှစ်မည့် သင်တန်းကာလမှာ (၁)လ တိတိကြာမြင့်မည်ဖြစ်ပြီး (၁၄.၁.၂၀၂၁)ရက်နေ့မှ (၁၄.၂.၂၀၂၁)ရက်နေ့ထိ သင်ကြား ပို့ချပေး သွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ(၂၅)ဦးသာလက်ခံသွားမည်ဖြစ်ကြောင်း သဖန်းကိုင်း ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ သိရသည်။

ထွေးငယ်(နောင်ချို-ပြန်ဆက်)