မြန်အောင် ဇန်နဝါရီ ၇
မြန်အောင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းဆိုင်ရာများ ရှင်းလင်းခြင်းနှင့် ဥပဒေ၊ နည်းဥပဒေအရ ဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှင်းလင်းပို့ချခြင်း သင်တန်းကို ယနေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးချိုချိုနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်တို့က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်း လုပ်ငန်းဆိုင်ရာများ ရှင်းလင်းခြင်းနှင့် ဥပဒေ၊ နည်းဥပဒေအရ ဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှင်းလင်းဆွေးနွေး ပို့ချပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၇၃)အုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြသည်။
ဝင်းဗိုလ်(ပြန်/ဆက်)မြန်အောင်