ဒေးဒရဲမြို့နယ် ဥတိုကျေးရွာတွင် School Cum Shelter ဆက်လက် ဆောက်လုပ်နိုင်ရေး ဘိုးပိုင်များ စစ်ဆေးဆောင်ရွက်

ဒေးဒရဲ ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဥတိုကျေးရွာတွင် ဖျာပုံခရိုင်၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက ဆောက်လုပ်ဆဲ School Cum Shelter ဆက်လက် ဆောက်လုပ်နိုင်ရေး ဘိုးပိုင်များ စမ်းသပ် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် လွှတ်တော် ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများ ဖျာပုံခရိုင်၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနက ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်းနှင့် ဝန်ထမ်းများ၊ အရည်အသွေး ပြည့်မှီခြင်း ရှိ/မရှိစစ်ဆေးသည့် Third Party  ( Key Pin Co.Ltd)မှ တာဝန်ရှိသူများ၊ School Cum Shelter တာဝန်ယူဆောင်ရွက်မည့် Shwe Khaing Mar Construction Co. Ltd မှ တာဝန်ရှိသူများက ယခင်က ဆောက်လုပ်ဆဲ School Cum Shelter ရှိ ဘိုးပိုင်(၂၉)လုံးအား အရည်အသွေး ပြည့်မှီခြင်း ရှိ/မရှိ စမ်းသပ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျေးရွာရှိ တာဝန်ရှိသူ များအား ဆူနာမီ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကွယ်ရေး ဗီနိုင်းနှင့်မိုးခေါင်ရေရှား အသိပညာပေး စာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ School Cum Shelter ရှိ ဘိုးပိုင်များ အရည်အသွေး ပြည့်မှီပါက ၂၀၂၁ ခုနှစ်အတွင်း Shwe Khaing Mar Construction Co. Ltd မှ ပြီးစီးအောင် ဆက်လက် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)