မန္တလေး ဇန်နဝါရီ ၇
လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့နံနက်၁၁နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ ၁၃လမ်းနှင့်၈၆လမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
ဟောပြောဆွေးနွေးပွဲတွင် အမှတ်(၁၁)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု(မန္တလေး)မှ ရဲအုပ်အောင်ကျော်မြင့်က လူကုန် ကူးခံရခြင်း၏ ဆိုးကျိုးများ၊လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဆိုင်ရာ ဥပဒေနှင့် ပြစ်ဒဏ်များ၊ အရေးယူဆောင်ရွက်လျက်ရှိသော အကြောင်းအရာများကို အသိပညာပေးဟောပြောဆွေးနွေး သည်။
ထို့နောက်တက်ရောက်လာသူများကလူကုန်ကူးခံရမှုနှင့်ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးကြရာ ရဲအုပ်အောင်ကျော်မြင့်ကပြန်လည်ရှင်းလင်းပြောကြားပြီး၊ လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ အမှတ်(၁၁)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲအုပ်အောင်ကျော်မြင့်နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်နှင့် ရာအိမ်မှူးများစုစုပေါင်း ၁၅ဦးတို့တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)