ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏(၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

ဟားခါး       ဇန်နဝါရီ           ၇

ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏(၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို COVID-19 ​ရောဂါဖြစ်ပွားသည့်ကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၁၀နာရီက ဟားခါးမြို့ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အစိုးရအနေဖြင့် ကလေးသူငယ်များ၏ အကျိုးကို ဖော်ဆောင် နိုင်ရန်အတွက် အမျိုးသားအဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မတီများဖွဲ့စည်းဆောင်ရွက် လျက်ရှိကြောင်း၊ ချင်းပြည်နယ်အတွင်း  ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုများ လျော့နည်းပပျောက်ရေး ဝိုင်းဝန်း ဆောင်ရွက်ကြရန်နှင့် ဖြစ်ပေါ်လာပါက အလျင်အမြန် သတင်းပို့တိုင်ကြားနိုင်ကြောင်း၊ ကလေးသူငယ်များ အတွက် လိုအပ်သောကာကွယ်စောင့်ရှောက်မှုနှင့် ဉပဒေပိုင်းဆိုင်ရာ အကြံဉာဏ်ပေးမှုများ လိုအပ်နေကြောင်း၊ ချင်းပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များအနေဖြင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ရှေးရှုပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်များ ထည့်သွွင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက ချင်းပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ပြီး အခြေအနေများ၊ လက်ရှိဆောင်ရွက် နေသည့် လုပ်ငန်းအခြေအနေများ၊ ဆက်လက်လုပ်ဆောင် သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ NGO,INGO အဖွဲ့များမှ ကိုယ်စားလှယ်များက ကလေးသူငယ်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု များကို ကဏ္ဍအလိုက်ဝိုင်းဝန်းဆွေးနွေးကြကာ ဆွေးနွေးချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်တို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

 အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)