ဇန်နဝါရီလ ၇
သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာအုပ်စု၊ ဆင်မွှေးကျေးရွာမှ အများသုံးရေကန်အားအသုံးပြု၍ အမျိုးသမီးတစ်ဦး သေဆုံးသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူအသုံးပြုခဲ့သည့်ရေအား ဓာတုဗေဒဝန်ရုံး ရန်ကုန်မြို့သို့ပို့ဆောင်စစ်ဆေးခဲ့ရာ ဆိုင်ရာနိုက်(Cyanide) ပျော်ဝင်လျက် ရှိကြောင်း အကြောင်းပြန်ကြားခဲ့ သည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဆင်မွှေးကျေးရွာနေ ဒေါ်-------(၄၁) နှစ်သည် အများသုံးရေကန်မှရေများအား မျက်နှာသစ်ပြီး ပလုတ်ကျင်းခဲ့ရာမှ နေအိမ်၌ အော့အန်၍ နှာခေါင်းမှသွေးများထွက်ကာ သေဆုံးခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းအသုံးပြုခဲ့သော ရေကန်နှင့်ကျေးရွာမြောက် ပိုင်း၌ အနက်ပေ(၂၄၀)ခန့်ရှိ ရေကန်မှရေနမူနာများအား ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဓာတုဗေဒဝန်ရုံး၊ ရန်ကုန်မြို့သို့ ဓာတုဗေဒထင်မြင်ချက် တောင်းခံခဲ့ရာ (၆-၁-၂၀၂၁)ရက်နေ့တွင် ဓာတုဗေဒဝန်ရုံး၊ ရန်ကုန်မြို့သို့ နမူနာပေးပို့ခဲ့သော အဖြူရောင်အခဲမှာ Cyanide ဖြစ်ပြီး သေဆုံးသူအသုံးပြုခဲ့သောရေများအတွင်း၌ Cyanide များပျော်ဝင်လျက်ရှိကြောင်း အကြောင်းပြန်ကြားခဲ့ကြောင်း သပိတ်ကျင်းမြို့မရဲစခန်းမှတ်တမ်းများ အရ သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တစ်ဦးတစ်ယောက်သောသူအား အစာအဆိပ်သင့်ရန် ကြံရွယ်ချက်ဖြင့် သောက်သုံးရေကန်များအတွင်းသို့ ဆိုင်ရာနိုက်(Cyanide) အဆိပ်ခတ်ခဲ့သူအား စုံစမ်းဖော်ထုတ်အရေး ယူနိုင်ရေးအတွက် သပိတ်ကျင်းမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးတင်မိုးဇော် မှ တရားလိုပြုလုပ်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် သပိတ်ကျင်းမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွဋ်ဦးရှိန်မှ တရားခံအား စုံးစမ်းဖော်ထုတ ်လျက်ရှိကြောင်း သိရသည်။
စိုးနိုင်ဝင်း(ပြန်/ဆက်)