မက်မန်း ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်၌ CTPE Group Foundation မှ ဆောက်လုပ် လှူဒါန်းသော ၄၀×၃၀ပေ သွပ်မိုး၊ ပျဉ်ကာ၊ အုတ်ခင်းတစ်ထပ်ကျောင်းဆောင် ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နေ့လယ် (၁၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ် ဆွတ်ဝိုးအုပ်စု၊ ပန်ဖိန်းကျေးရွာ၌ CTPE Group Foundation မှ ဆောက်လုပ်လှူဒါန်းသော ၄၀×၃၀ပေ သွပ်မိုးပျဉ်ကာ၊ အုတ်ခင်းတစ်ထပ်ကျောင်းဆောင် ဆောက်လုပ်နေမှုနှင့် ပတ်သက်ပြီး မက်မန်းမြို့ မြို့နယ်ပညာရေးမှူး ဒေါ်သန်းထွေးခင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းအောင်ထွေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးကြပြီး CTPE Group Foundation မှ ပေးအပ်သော လှူဒါန်းငွေများအား ကျောင်း အကျိုးတော်ဆောင် ဆောက်လုပ်ရေး ကြီးကြပ်ရေးကော်မတီများထံသို့ အလှူငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)