မြောင်းမြ ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မြို့နယ်အဆင့်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ (၄) နာရီအချိန်က မြို့နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်ဌေးဌေးမော်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နိုင်ငံပိုင်အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း အဆိုပြုချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော သက်ဆိုင်ရာဌာနများက မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းများအား ကဏ္ဍအလိုက် အသီးသီး တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး (မြောင်းမြမဲဆန္ဒ နယ်မြေ-၂) ၊ ဦးဝေလင်းအောင် (ပြည်သူ့လွှတ်တော်လွတ်တော် ကိုယ်စားလှယ်လောင်း)၊ ဦးကျော်စိုးနိုင် (တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း မြောင်းမြမဲဆန္ဒနယ်မြေ-၂)၊ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)