ပြင်ဦးလွင် ဇန်နဝါရီ ၇
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၁) ရေငယ်နေ အသက်(၆၄)အရွယ် အမျိုးသမီးတစ်ဦးသည် လေကြောင်းဖြင့် ခရီးသွားရန်အတွက် ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ၊မရှိ လာရောက် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ပိုးတွေ့ အဖြေထွက်ရှိကြောင်း သိရှိရသည်။
ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး (၁၀) မြို့သစ်နေ အနံပျောက်သူ အသက်(၄၆)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၄၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊မရှိ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ပိုးတွေ့ အဖြေထွက်ရှိကြောင်း သိရသည်။
အဆိုပါပိုးတွေ့လူနာများနှင့် ဆက်စပ်သည့် ထိတွေ့သူများအား ဇီးပင်ကြီးအသွားအလာ ကန့်သတ်ရာနေရာသို့ ပို့ဆောင်ပြီး စစ်ဆေးရန် စီစဉ် ထားကြောင်းသိရသည်။
မြတ်ဆုမွန်