ကျောက်ဆည် ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေနှင့် အထွေထွေသုံးပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့မွန်လွဲ(၁)နာရီက အလှူရှင်များက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
လှူဒါန်းရာတွင် ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ ဒေါ်အေးသန္တာကျော်၊ ဒေါ်လှိုင်လှိုင်မြတ်၊ ဒေါ်ခင်ဖြိုးဝေ တို့က ငွေကျပ်(၅)သောင်းနှင့် မမေဇင်မိုး၊ မစုမြတ်သွယ်၊ မခင်မြတ်ဝေ၊မယဉ်မေဖူး၊ မသင်းသန္တာအိ တို့က ငွေကျပ်(၃)သောင်းကျပ်၊ ကျောက်ဆည်မြို့ ယူနတီ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ငွေကျပ်(၁၂)သိန်း တန်ဖိုးရှိ အထွေထွေသုံးပစ္စည်းများ၊ စုကြီးရပ်ကွက်မှ ဦးလမင်းထွန်းနှင့် ဒေါ်ခိုင်ခိုင်မော် ဆန်စက်နှင့် ဆန်ရောင်းဝယ်ရေး မိသားစုက ငွေကျပ်(၁)သိန်း၊ We Love Kyaukse အဖွဲ့မှ ငွေကျပ်(၂)သိန်း၊ အသီးသီး ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အလှူငွေများနှင့် အထွေထွေသုံး ပစ္စည်းများကို ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်က လက်ခံခဲ့ကာ ဂုဏ်ပြုလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
သက်မောင်(ကျောက်ဆည်)