လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၌ မီးဘေးလုံခြုံရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြော

လွိုင်ကော်  ဇန်နဝါရီ  ၂၉

ကယားပြည်နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်များနှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံပိုင်အဆောက်အဦများနှင့် ထုတ်ကုန်အရင်းအနှီးများအား မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန် အလေးထားဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၇ ရက်က  လွိုင်ကော်မြို့ ပညာရေးဒီဂရီကောလိပ်၊ ကျောင်းခန်းမ၌ မီးဘေးလုံခြုံရေးနှင့် တောမီးကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောသည်။

ဟောပြောပွဲတွင်  ပြည်နယ်မီးသတ်ဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်သန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ မီးလောင်မှုဖြစ်ပါက ဆောင်ရွက်ရမည့်အချက်များနှင့် တောမီးကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာများကို အသိပညာပေး ဟောပြောသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးနယ်လ်ဆင်လှမြိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုဖြစ်ပေါ်ပါက ထိရောက်မြန်ဆန်စွာ မီးငြိမ်းသတ်နိုင်ရေးအတွက် လက်တွေ့သရုပ်ပြ ဆောင်ရွက်သည်။

ဟောပြောပွဲသို့ ပြည်နယ်မီးသတ်ဦးစီးဌာနမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်(လွိုင်ကော်)မှ ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမနှင့် သင်တန်းသား/သင်းတန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မေစု(ပြန်/ဆက်)