ဖယ်ခုံမြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးပညာပေးလုပ်ငန်းများဆောင်ရွက်

ဖယ်ခုံ ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက မြို့မဈေးတွင် Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

Mask Campaign ပြုလုပ်ရာတွင် ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား ကာကွယ်ရန်နည်းလမ်းများကို လက်ကိုင်အသံချဲ့စက်များဖြင့် အသိပညာပေးခြင်းနှင့် ပါးစပ်နှင့် နှာခေါင်းစည်းများ၊ ပညာပေးလက်ကမ်းစာစောင်များ အခမဲဝေငှခြင်းကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်ဦးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့ဖြင့် ပူးပေါင်း၍ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  သိရှိရသည်။

မောင်မောင်ထွေး(ပြန်/ဆက်)