ကလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကလော ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊   ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကလောမြို့အထွက် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်တွင် အဆင်းကားများကို လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ ဝင်ရောက်လာသည့် အတက်ကားများအား ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ နန်းပန်တက် ကိုဗစ်- ၁၉ ရောဂါစစ်ဆေးရေးဂိတ်တွင် လည်းကောင်း  ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ()ရက်နေ့မှ စ၍ ယမန်နေ့ကအထိ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိစစ်ဆေးခဲ့ရာ ယာဉ်မောင်း၊   ယာဉ်နောက်လိုက် စုစုပေါင်း (၃၆၁၉၃) ဦးအားစစ်ဆေးဆောင်ရွက်ခဲ့သည်။

ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ စုစုပေါင်း ( ၁၀၅ ) ဦး၊   Quarantine Center ထားရှိသူစုစုပေါင်း  (၁၁၇) ဦး ဖြစ်ပြီး လက်ရှိအချိန်အထိ ကိုဗစ် - ၁၉ ရောဂါပိုးကင်းစင်သူ စုစုပေါင်း(၉၂) ဦးရှိကြောင်းနှင့် လက်ရှိတွင် ပိုးတွေ့လူနာ (၁၃) ဦးအား ကလောမြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်တွင် ထားရှိလျက်ရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

မြို့နယ် ပြန်/ဆက်