လွိုင်မွေတောင်စခန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများဖြန့်ဝေ

ကျိုင်းတုံ ဇန်နဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု လွိုင်မွေတောင်စခန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ နာရီက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့ဝင်များ၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန (ကျိုင်းတုံ)မှ ဝန်ထမ်းများ၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများ၊ လွိုင်မွေကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မော်ကွမ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့များက လွိုင်မွေတောင်စခန်းမြို့သို့ လာရောက်လည်ပတ်သည့် ပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာရန်၊  ဆောင်ရန်ရှောင်ရန်အချက်များ ကျန်းမာရေးအသိပညာပေး ပြောကြားပြီး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

လွိုင်မွေတောင်စခန်းမြို့၌ ဒီဇင်ဘာလအတွင်း ချယ်ရီပန်းများ လှပစွာဖူးပွင့်သည့်အချိန်ဖြစ်သောကြောင့် ရပ်ဝေး၊ ရပ်နီးမှ လာရောက် ကြည့်ရှုသူများပြားလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များအား သတိထားလိုက်နာစေရန် နှိုးဆော်သည့် အနေဖြင့် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းတို့ကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)