ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပဉ္စမအကြိမ် စာအောင်ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက် ကြည်ညို၍ ဆုများချီးမြှင့်အပ်နှင်း

မြစ်ကြီးနား     ဇန်နဝါရီ ၃၀

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်ပံ့ပိုးမှုဖြင့် ပဉ္စမအကြိမ်မြောက် စာအောင်ဆုနှင်း သဘင်အခမ်းအနားကို မြစ်ကြီးနားမြို့ သာသနာ့ဗိမာန်တော်၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များ၊ သီလရှင်ဆရာကြီး များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြသည်။

ဆက်လက်၍ ထူးမခြားနားသီချင်းခန့်ဖြင့် ဂုဏ်ပြုသီဆိုကြည်ညိုပူဇော်ပြီး ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်များထံ မှ ငါးပါးသီလခံယူဆောက်တည်ကြကာ ပြည်နယ်ဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက် ထားတင်ပြသည်။

ထို့နောက် ဆရာတော်သံဃာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် ဝတ္တုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ချီးမြှင့်ငွေကျပ်သိန်း (၅၀)ကို ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးက စာချတန်း (သာသနဓဇဓမ္မာစရိယဘွဲ့ရ)၊ နိကာယ် (နိကာ ယဝိဒူဘွဲ့ရ)၊ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းတို့တွင် စာအောင် ဆုရ သံဃာတော်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အခြေပြုမူလတန်း၊ အဘိ ဓမ္မာ၊ ဝိသုဒ္ဓိမဂ်(အထူးအောင်) သီလရှင်ဆရာများနှင့် လူပုဂ္ဂိုလ် စုစုပေါင်း ၉၆ ဦးတို့အား စာအောင် ဆုများနှင့် နဝက္မဝတ္ထုငွေများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ထံမှ သမ္မောဒနိယ သြဝါဒကထာကို နာယူကြားနာခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆု ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်