တနင်္သာရီမြို့နယ်အတွင်းရှိ အလယ်တန်းကျောင်းများအတွက် ကိုဗစ်-၁၉ အကာအကွယ် ပစ္စည်း (၁၁)မျိုးထောက်ပံ့လှူဒါန်း

တနင်္သာရီ ဇန်နဝါရီလ၈

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း / အလယ်တန်း ကျောင်း(ခွဲ)နှင့် မူလတန်းလွန်ကျောင်းများ စုစုပေါင်း(၃၈)ကျောင်းအတွက်ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လုံလောက်မှု ရှိစေရန် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အတွက်အထောက်အကူပြုကော်မတီ နှင့်မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေး အရပ်ဘက်ပူးပေါင်း ကော်မတီတို့မှ ယမန်နေ့ နံနက်၁၀နာရီခွဲအချိန်က လက်ဆေးဘေစင်(အပါအဝင်) ကိုဗစ်- ၁၉ ကာကွယ်ရေးပစ္စည်း(၁၁)မျိုးစီ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို တနင်္သာရီမြို့နယ် ပညာ ရေးမှူးရုံးအစည်းအဝေးခန်းမထဲတွင် ကိုဗစ်-၁၉ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ  တနင်္သာရီမြို့နယ် တိုင်းဒေသကြီးအမှတ်() လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုဦးစီးမှူး ဦးဖြိုးပြည့်ထွန်းက အမှာကား ပြောကြားသည်။

ဆက်လက်၍ မြိတ်ခရိုင် ကိုဗစ်-၁၉ကာကွယ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဒေါ် တင်တင်ထွေးက ကျောင်းတွေအားလုံးပြန်လည်ဖွင့်ခွင့်ရဖို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများလုံ လောက်မှုရှိအောင် အလယ်တန်း ကျောင်း တွေကို  အဓိကလာရောက်လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ကျောင်းတစ်ကျောင်းအတွက် လက်ဆေး ဘေစင်()ခု၊ ခြေနင်းအမှိုက်ပုံး()လုံး၊အမျိုးသားဆီးသွား ပုံး(နမူနာ)()ပုံး PPE ဝတ်စုံ(တစ်ထည်)  Surgical Gown(ရင်ကာ) တစ်ထည်၊ Aprop ()ထည်၊ လက်အိတ်တို()စုံ၊ လက်အိတ်ရှည်တစ်စုံ၊ ခေါင်းစွပ်(၁၀)ခု၊ လက်သန့်ဆေး()ဗူးနှင့်အဝတ် Mask (၅၀)ခုစီကို လာလှူဒါန်းပေးတာဖြစ်ကြောင်း၊ မူလတန်းကျောင်းများ ပြန်ဖွင့်ခွင့် ရရင်လဲဆက်လက် ထောက်ပံ့လှူဒါန်းပေးဦးမှာဖြစ်ကြောင်း” ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား သည်။

ယင်းနောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းက  ကလေးများအား Mask ဝတ်ဆင်ခြင်းနှင့် ပတ်သက်၍ အလေ့အကျင့်ကောင်းမှအလေ့အထစွဲမြဲအောင် လေ့ကျင့်ပေးစေလိုပါ ကြောင်း လိုအပ်ပါက ကျန်းမာရေးဌာနဆရာ/မများနှင့်ပူးပေါင်း၍  အကူအညီတောင်ခံနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြိတ်ခရိုင် ကိုဗစ်-၁၉ကာကွယ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီမှတာဝန်ရှိသူ များက အလယ်တန်း ကျောင်း/အလယ်တန်းကျောင်း(ခွဲ)နှင့်မူလတန်းလွန်ကျောင်း စုစုပေါင်း(၃၈)ကျောင်း အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်း(၁၁)မျိုးစီကို မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးခင်ဇော် ထံသို့ လွှဲပြောင်းပေးအပ်ပြီး၊ မြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း