ကြံခင်းမြို့၌ သုံးမိုင်ပတ်လည် Clean land city zone ဖော်ဆောင်နိုင်ရေး ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာနေပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကြံခင်း ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နဘ်အတွင်း သုံးမိုင်ပတ်လည် Clean land city zone ဖော်ဆောင်နိုင်ရေး ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက ဖားတစ်ရှည်းတံတားအနီး မိုင်တိုင်အမှတ် (၄/၀)နှင့်(၄/၂) ကြား၊ ကြံခင်း-မြန်အောင် လမ်းဘေးဝဲယာတစ်လျှောက် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များ၊ တလိုင်းကွင်းကျေးရွာရှိ ဒေသခံပြည်သူများ ပူးပေါင်း၍ ဖားတစ်ရှည်းတံတားအနီး မိုင်တိုင်အမှတ် (၄/၀)နှင့်(၄/၂) ကြား၊ ကြံခင်း-မြန်အောင် လမ်းဘေးဝဲယာ တစ်လျှောက် အမှိုက်များ ရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်လင်းခြင်း စသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကို ဆောင်ရွက်ကြပြီး ရရှိလာသောအမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ် ဖြင့် စနစ်တကျ စွန့်ပစ်ကြသည်။ အလားတူ ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို ဦးဆောင်၍ အမှတ်- ၂ ရပ်ကွက်ရှိ တံတားဦးတံတားမှ မြို့ဝင်လမ်းတလျှောက်လမ်းဘေးဝဲယာအား ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘက်ရဲမြို့( ပလကဖ) အဖွဲ့ဝင်များ စုစုပေါင်းအင်အား(၇၀) ဦးတို့ဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ အတွင်းရေးမှူး ရဲမှူးကြည်စိုး၊ အဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးရဲနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူး ဦးပြည့်သိမ်းကျော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့မစခန်းမှူးနှင့် မြို့နယ် မီးသတ်ဦးစီးမှူးတို့က ကြီးကြပ်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)