တီးတိန်မြို့၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲပြုလုပ်

တီးတိန် ဇန်နဝါရီ ၃၁

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနက နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုး လွှမ်းခြုံမှုပိုမိုမြင့်မားစေရေး ကာကွယ် ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက တီးတိန်မြို့နယ် ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ ဆေးရုံအုပ်ဒေါက်တာထောင်းရှန်းစောန်းခိုင်က နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး မှတ်တမ်းဗီဒီယို clip ပြသပြီး ဦးစီးအရာရှိ ဒေါ်ဇမ်းကျိန်က တီးတိန်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံနိုင်မှု အခြေအနေတင်ပြခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာ‌ရေးခေါင်းဆောင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြပြီး အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)