ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူနှင့် ထိစပ်သူများအား Quarantine Centre မှနေအိမ်သို့ပြန်ခွင့်ပြုပြီး၊ ထောက်ခံချက်များထုတ်ပေး

တနင်္သာရီဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိသူနှင့် အနီးကပ်ထိတွေ့ သူများအား သက်ဆိုင်ရာ (Community Based Facility Quarantine) သွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုထားရှိခဲ့သည့်Quarantine Centre အတွင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ စစ်ဆေးမှုများ(၂)ကြိမ်စစ်ဆေးပေးပြီး ရောဂါ လက္ခဏာမတွေ့ရှိရခြင်းနှင့်သတ်မှတ်စောင့်ကြည့်ကာလ ပြည့်မြောက်ပြီဖြစ်သဖြင့် ယမန်နေ့ညနေ ပိုင်းက မိမိနေအိမ်သိုပြန်သွားခွင့်ပြုပြီး တစ်ဦးချင်းစီအား ထောက်ခံ ချက်များ ထုတ်ပေးခဲ့ ကြောင်း သိရှိရသည်။ 

ယင်းသို့ ထောက်ခံချက်များထုတ်ပေးရာတွင် တနင်္သာရီမြို့နယ်အတွင်း (ပထမ)ပိုးတွေ့နှင့် အနီးကပ် ထိတွေ့ခဲ့၍ အထက-တနင်္သာရီQuarantinee Centre အတွင်းထားရှိသူ မိသားစုဝင်(၇)ဦး၊ (ဒုတိယ)ပိုးတွေ့ရှိသူနှင့်အနီးကပ် ထိတွေ့ခဲ့၍ မြို့မအားကစားခန်းမ Quarantine Centre အတွင်း စောင့်ကြပ်ကြည့်ရှိသည့် ရဲတပ်ဖွဲ့ဝင်(၅)ဦး၊ မိသားစုဝင်(၆)ဦးနှင့်လယ်တောင်ယာကျေးရွာ Home Quarantine မှာစောင့်ကြပ်ထားရှိသူ မိသားစုဝင်(၃)ဦးနှင့် မိခင်နှင့်ကလေးအသင်း ရုံးဟောင်းတွင် ထားရှိသူအမျိုးသမီးတစ်ဦး စုစုပေါင်း(၂၂)ဦးတို့အား မိမိနေအိမ်သို့ ပြန်သွား ခွင့်ပြုကြောင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်သိုက်ထွန်းနှင့် ချောင်းကြီးရပ်ကွက် အုပ်ချုပ် ရေးမှူးဦးတိုးဝင်းတို့လက်မှတ်ရေးထိုးထားသော အသိအမှတ်ပြုထောက်ခံချက်များကို ချောင်းကြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးတိုးဝင်းနှင့်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှဒုတပ်စိတ်မှူးနေလင်းထက် တို့က တစ်ဦးချင်းစီထံ ပေးအပ်ပေးကြောင်းနှင့် မိမိနေအိမ်တွင် Home Quarantine ကာလနေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ(၇)ရက်နေထိုင်ရမည် ဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း